Local News

ဆောင်းတွင်းမှာ ဒုက္ခသည်တွေစောင်ဝယ်ဖို့ အတိုင်ပင်ခံရုံးက သိန်း ၆၀၀ ကျော်လှူ 

ဆောင်းတွင်းကာလ ဖြစ်တာကြောင့် ရခိုင်ပြည်နယ်မှာရှိတဲ့
နေရပ်စွန့်ခွာရသူတွေအတွက် စောင်တွေဝယ်ပေးဖို့


နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနက ကျပ်သိန်း ၆၀၀ ကျော်ကို
ဒီနေ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာပဲ လှူဒါန်းလိုက်ပါတယ်။

ကျောက်တော် မင်းပြား မြောက်ဦး ရသေ့တောင် ဘူးသီးတောင်နဲ့
မောင်တောဒေက ရခိုင်နေရပ်စွန့်ခွာသူတွေနဲ့ မွတ်ဆလင်စခန်းတွေမှာရှိတဲ့

အိမ်ထောင်စုပေါင်း ၁၅၈၁၂ ကျော်အတွက် စောင်တွေဝယ်ဖို့
လှူဒါန်းလိုက်တာလို့ သိရပါတယ်။ လှူဒါန်းတဲ့အခါ ထိရောက်မှုရှိအောင်နဲ့


အောက်ခြေထိ ထိရောက်အောင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တစ်ဆင့် လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်ရခိုင်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေကြား ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေကို
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ

ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း
ပြည်ထောင်စုဝန်ကြီးဦးမင်းသူက ပြောပါတယ်။


အခုအချိန်မှာတော့ တိုက်ပွဲတွေကြောင့် နေရပ်စွန်ခွာနေရတဲ့
ပြည်နယ်တွေက ဒုက္ခသည်စခန်းတွေမှာ အနွေးထည်တွေ
စောင်တွေ လိုအပ်နေတဲ့အတွက် အကူအညီတောင်းခံမှုတွေလည်း ရှိနေပါတယ်။
#credid