Local News

မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးအချို့အမည် သုံးပြီး ဆယ်တန်းအောင်ဘွဲ့ရများထံမှသိန်း ၃၅၀ခန့်ငွေလိမ်လည်

မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝန်ကြီးအချို့အမည် သုံးပြီး ငွေလိမ်လည်
မကွေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ကြီးအချို့အမည် သုံးပြီး


၁၀တန်းအောင်ဘွဲ့ ရ လူငယ်တွေကို အစိုးရဝန်ထမ်းဖြစ်အောင်
ဆောင်ရွက်ပေးမယ် လို့ဆိုကာ ကျပ်သိန်းပေါင်း ၃၅၀ နီးပါး

လိမ်လည်ခဲ့တယ်လို့ ငွေကြေး လိမ်လည်ခံ သူတွေက ပြောဆိုပါတယ်။


အဲဒီလို လိမ်လည်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ငွေပေးခဲ့သူ နှစ်ဦးနဲ့
ကြားခံဆောင်ရွက်ပေးခဲ့သူ နှစ်ဦးတို့က ဇန်နဝါရီလ ၁၀ ရက်မှာ မကွေးတိုင်း

သတင်းစာဆရာအသင်းရုံးမှာ ရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဝန်ထမ်း အဖြစ် လုပ်ကိုင်ရမယ်ဆိုလို့ သားသမီး ဝန်ထမ်းဖြစ်ဖို့အတွက်

ပိုင်ဆိုင်မှုအချို့ကို ထုခွဲပေးလိုက်ရ တယ်လို့ သတင်းစာရှင်းလင်းပွဲကို
လာရောက်တဲ့ ဦးဖိုးဖြူက ပြောပါတယ်။  ၇ လပိုင်းကတည်းက တစ်နှစ်သာကုန်သွားပြီ

အလုပ်လည်းမရနဲ့ မပြေလည်ဘဲနဲ့ ချေးငှားပြီး ကိုယ့်သမီး ဝန်ထမ်းလုပ်စေချင်တာကို
သူကပြောတာက ခင်ဗျားတို့ တောင်သူလယ်သမား သားသမီးတွေကို

ဝန်ထမ်းမဖြစ်ဘူးတော့ ဝန်ထမ်းလောကကို နားမလည်ဘူး။ ကျုပ်ကတော့နားလည်တယ်
လုပ်ပေးလို့ ရတယ်ဆိုတော့ အဘတို့က အသားကုန်ယုံတာပေါ့။ လို့ ဦးဖိုးဖြူက ပြောပါတယ်။


အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ အမည်သုံးပြီး ငွေလိမ်လည်ခဲ့သူကတော့ မင်းဘူးမြို့
အမှတ် ၄ ရပ်ကွက် သစ်ချိုကုန်းရပ်က ဦးညွန့်ရွှေဖြစ်ပြီး သူဟာ မကွေးတိုင်းဝန်ကြီးချုပ်ရဲ့

ကိုယ်ရေး အရာရှိ ဖြစ်သလို အစိုးရရုံးအဖွဲ့က စာရေးကြီး ဖြစ်တယ်လို ပြောဆိုခဲ့တယ် လို့ သိရပါတယ်။
ဒါကြောင့် ကျေးရွာက လူငယ်တွေကို အစိုးရဝန်ထမ်း ဖြစ်အောင်

ဆောင်ရွက်ပေး နိုင်တယ်လို့လည်း ပြောဆိုခဲ့တယ်လို့
ကြားခံဆောင်ရွက်ပေးသူ ဦးသန်းဌေး က ပြောဆိုပါတယ်။


ဘယ်လို ပြောသလဲဆိုရင် သူ ဦးညွန့်ရွှေ ကို ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့
ဦးတာတို့ နောက်တစ်ဦးက ခိုင်းတာ သူက ခန့်ပိုင်ခွင့်ရှိတယ်။

အလုပ်မရဘူးဆိုရင် တစ်ဆ နှစ်ဆ ပြန်လျှော်မယ်။ အလုပ်ကတော့ ၇ လပိုင်းမှာ ရမယ် ပြောတယ်။
နှုတ်ဖြေ အတွက် ဖုန်းဆက်တယ် အဲ့တော့ လူကြီးသွားဖို့ ပိုက်ဆံလိုတယ်ဆိုပြီး တောင်းတယ်။


အဲလိုတောင်းတော့ ကျွန်တော်ကခေါ်ပြီးပြောတယ်။ အခုရောက်နေသူတွေလည်း ပါပါတယ်။
အဲ့လို ပြောတော့ အလုပ်ရဖို့အတွက် ပေးတာပေါ့ ဆိုပြီး ပေးတာလို့ ဦးသန်းဌေးက ပြောပါတယ်။

သာသနာရေး ဝန်ထမ်းအတွက် ၄ သိန်းခွဲ ပညာရေးဝန်ထမ်း အတွက် ၅ သိန်းခွဲ
လဝကစာရေးဝန်ထမ်း အတွက် ၁၀ သိန်းခွဲ ဒုဦးစီးဝန်ထမ်းအတွက် ၁၅သိန်းကျော်

တောင်းခံတယ်လို့ ငွေးကြေးပေးခဲ့ရသူ တစ်ဦးက ပြောပါတယ်။
တောကလူတွေက ၁၀ တန်းအောင် ဘွဲ့ရကြတယ်။ လခစား မဖြစ်ဘူးတဲ့။


လခစား ဖြစ်ရင်လည်း ဝန်ထမ်း သားသမီးတွေပဲ ဖြစ်တယ်ပေါ့။
တောတောင်ကလူတွေက မဖြစ် ဘူး။ ပညာအတွက် ငွေကုန်ကြေးကျခံပြီး

ဘာမှ မဖြစ်ဘူး ဆိုပြီး ပြောတယ်။ အဲလို အလုပ်ချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတော့
ပိုက်ဆံတွေပေးရမယ် ၆ သိန်းခွဲ ပေးရမယ်ဆိုတယ်။ အဲလိုပေးလို့ အလုပ်မရရင်

ဘယ်လိုလုပ်မလဲ ဆိုတော့ တစ်ဆ နှစ်ဆ ပြန်ပေးမယ်လို့ ပြောတာ။
အဲ့ဒါနဲ့ ၆ လပိုင်း ၃ ရက်နေ့မှာ ပေးလိုက်ရတာ လို့ ငွေးကြေးလိမ်လည်ခံရသူ

ဒေါ်ဝင်းဝင်မော်က ပြောပါတယ်။ အဲဒီလို ငွေလိမ်လည်တောင်းခံခဲ့ရာမှာ ငဖဲမြို့နယ်နဲ့
စကုမြို့နယ်ထဲက ကျေးရွာတွေက လူငယ် ၄၁ ဦး အတွက်


ကျပ်သိန်း ၃၅၀ ခန့် ငွေတောင်းခံခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဥ်နဲ့ ကို ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့အမှုဖွင့်ထားပြီး လုပ်ထုံးလုပ်နည်းတွေ

အတိုင်းဆောင်ရွက်ထားတယ်လို့ မင်းဘူးမြို့မ ရဲစခန်း
စခန်းမှူးဒုရဲမှူး အောင်နိုင်က ပြောဆိုပါတယ်။

ဦးညွန့်ရွှေဆိုသူဟာ ဒီအမှုအပြင် ပြီးခဲ့တဲ့ နှစ်ကလည်း အမှု ၆ မှုနဲ့
အမှုဖွင့်တရားစွဲဆို ခံထားတာရှိတယ်လို့လည်း သိရပါတယ်။


အဲ့ဒီငွေလိမ်လည်မှုနဲ့ ပါတ်သက်ပြီး ကြားခံ ဆက်သွယ်ပေးသူ ဦးသန်းဌေးနဲ့
ဦးသောင်းဝင်း တို့ကလည်း ဦးညွန့်ရွှေကို ပုဒ်မ ၄၂၀ နဲ့ မင်းဘူး နဲ့ ငဖဲမြို့နယ် ရဲစခန်းမှာ

တရားစွဲထားသလို ဝန်ထမ်းအလုပ်ရဖို့ ငွေပေးခဲ့သူ အချို့ကလည်း ဦးသန်းဌေးနဲ့
ဦးသောင်းဝင်းတို့ကို ပုဒ်မ ၄၂၀ နဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#credit