Local News

သမီးကြီး ၁၆ နှစ်ပြည့်မွေးနေ့ ကုသိုလ်အဖြစ် အောင်ဇဗ္ဗူရိပ်သာကျောင်းမှာ နိုင်လွန်ကတ္တရာလမ်း ခင်းလှူလိုက်တဲ့ စမိုင်းလ်တို့မိသားစု

သမီးကြီး ၁၆ နှစ်ပြည့်မွေးနေ့ ကုသိုလ်အဖြစ် အောင်ဇဗ္ဗူရိပ်သာကျောင်းမှာ
နိုင်လွန်ကတ္တရာလမ်း ခင်းလှူလိုက်တဲ့ စမိုင်းလ်တို့မိသားစု


မိ‌ဘတွေ အရမ်းချမ်းသာပေမယ့်လည်း ဝံ့ဝံ့ကြွားကြွားမနေတတ်ဘဲ
၁၆ နှစ်ပြည့် မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းသာ အလှူလုပ်လိုက်တဲ့ စမိုင်းလ်ရဲ့သမီးကြီး။


တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်‌တွေကို လုပ်ကိုင်ခဲ့တဲ့
ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကတော့ ယနေ့အချိန်မှာဆိုရင်လည်း

ပရိသတ်တွေရဲ့ အချစ်များစွာကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
စမိုင်းလ်က အနုပညာအလုပ်တွေလည်း အနည်းအကျဉ်းလုပ်ဆောင်ပြီး


စီးပွားရေးတွေကိုလည်း ချဲ့ထွင်နေတာဖြစ်ပါတယ် နော်။
စမိုင်းလ်က လူသားချင်းစာနာထောက်ထားတတ်တဲ့ စိတ်အပြည့်ရှိလို့

အကူအညီလိုအပ်သူတွေကိုလည်း မေတ္တာ‌ စေတနာအပြည့်နဲ့ကူညီပေးနေတာ ဖြစ်ပါတယ်။
စမိုင်းလ်တို့မိသားစုလေးက သိန်းပေါင်းများစွာကို မကြာခဏလှူဒါန်းနေတာကြောင့်


လူအများရဲ့ ချစ်ခင်လေးစားမှုတွေကို ရရှိထားတာ ဖြစ်ပါတယ်။
စမိုင်းလ်တို့ မိသားစုလေးက တခြားသူတွေကိုလည်း အဆင်ပြေအောင်ကူညီပေးသလို

သူမတို့ကိုယ်တိုင်လည်း ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးကို
တည်ဆောက်ထားတာ ဖြစ်ပါတယ်နော်။


စမိုင်းလ်ရဲ့ သမီးလေးနှစ်ယောက်ကလည်း မိဘတွေအရမ်းချမ်းသာပေမယ့်
မာနမကြီးတတ်ကြဘဲ အေးချမ်းချမ်းနေတတ်ကြတဲ့ကလေးလေးတွေဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က သမီးလေးတွေကို လိုလေသေးမရှိအောင်
အမြဲဂရုစိုက်ပေးတတ်လို့ အခုဆိုရင်လည်း သမီးကြီးလေးရဲ့ ၁၆ နှစ်ပြည့်‌မွေးနေ့ကို


အလှူအတန်းတွေ လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။
သူမရဲ့မွေးနေ့လေးမှာ ဖေဖေ မေမေ ညီမလေး ဘွားဘွားတို့နဲ့အတူ
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။


ပေါ်ရှာလေးက ၁၆ နှစ်အရွယ်လေးလည်းဖြစ်လို့ လှသွေးကြွယ်ပြီး
မေမေနဲ့ချွတ်စွပ်တဲ့ အလှတွေကိုပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။


စမိုင်းလ်တို့သား အမိနှစ်ယောက်ကတော့ အဝတ်အစားဆင်တူလေးဝတ်ထားကြပြီး
အရမ်းလှနေကြလို့ သူမတို့ပရိတ်သတ်တွေ ပြန်လည်မျှဝေပေး လိုက်ပါတယ်။
#credit