Local News

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက်

ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစု


ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကို

ဟိုးအရင်ကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့

အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။

မခိုင်လေးက ပျော်ရွှင်စရာမိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး


ဆယ်ကျော်သက် အရွယ်သမီးလေးတစ်ယောက်လည်းရှိလို့

သူမအတွက် အဖော်ရနေတာ ဖြစ်ပါတယ်။

မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့

ကလေးတစ်ယောက်မိခင် ဖြစ်ပေမယ့်လည်း သူမရဲ့


အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။

မခိုင်လေးက ကျန်းမာရေးလိုက်စားသူ ဖြစ်တာကြောင့်

ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာပါ။

အလှူအတန်းတွေ ဆိုရင်လည်း မိသားစုလိုက် စိတ်တူကိုယ်တူ


အမြဲပြုလုပ်လေ့ရှိရာ အခုလည်း ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေး

ရန်ပုံငွေအတွက် ချစ်ရတဲ့ဖေဖေနဲ့အတူ ငွေကျပ် သိန်းနှစ်ရာကို

ရက်ရက်ရောရော လှူဒါန်းခဲ့ကြောင်းကို ပုံလေးနဲ့အတူ

ကိုဗစ်ကာကွယ်ဆေး အလှူလေးပါရှင့် မခိုင်လေးအဖေမှ သိန်းတစ်ရာ


မခိုင်လေးမိသားစုမှ သိန်းတစ်ရာလှူဒါန်းပါတယ် မြန်မာနိုင်ငံကြီးနှင့်

ကမ္ဘာကြီး ကိုဗစ်ရောဂါအမြန်ဆုံး ကင်းစင်ပပျောက်ပါစေ ဆိုတဲ့

စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်း

သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

#crd