Local News

မွေးနေ့ ကုသိုလ်လေးအဖြစ် ခိုင်နှင်းဝေရဲ့ ဂေဟာမှာ အလှူငွေ ငါးသိန်းလှူဒါန်းလိုက်တဲ့ ရဲလေး

မြန်မာပြည်က လူငယ်ပရိသတ်တွေကြားမှာ

ရေပန်းစား နာမည်ကြီးတဲ့ အဆိုတော်တစ်ဦး ဖြစ်တဲ့ ရဲလေး ဟာ


ထိမိပြီး ကိုယ်တိုင်ရေးသားထားတဲ့ စားသားလန်းလန်းတွေနဲ့

ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ဖျော်ဖြေနိုင်မူကြောင့်

အချိန်အနည်းငယ်မှာတင် လူငယ်ပရိသတ်

တွေရဲ့ တစ်ဟုန်ထိုး အားပေးမှုကို အခိုင်အမာရထားတဲ့

ဟစ်ဟော့စ် လူငယ် ရက်ပ် အဆိုတော်တစ်ဦး ဖြစ်ပါတယ်။


ပရိသတ်တွေရဲ့  ရင်ထဲမှာနေရာ တစ်ခု

ရယူထားနိုင်တဲ့ ပရိသတ်အချစ်တော်

အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူးနော်။

သူရဲ့ အလွမ်းအဆွေးအချစ် သီချင်းလေးတွေကို ပရိသတ်တွေ

ရင်ထဲရောက်အောင် သီဆိုတတ်သူလေးဖြစ်ပြီး သူရဲ့ သီချင်းလေးတွေကိုလည်း


ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲကြိုက်နှစ်သက်ကြပါတယ်။

ဒီနေ့လေးကတော့ သူရဲ့မွေးနေ့လေးပဲဖြစ်ရာ ပရိသတ်တွေပါမက

အနုပညာရှင်များစွာကပါ မွေးနေ့ဆုမွန်ကောင်း

တောင်းပေးခဲ့ကြတာတွေ့ရပါတယ်။

အခုလည်း မွေးနေ့လေးမှာ ခိုင်နှင်းဝေ

ကလေးဂေဟာကို အလှူငွေ ငါးသိန်းကျပ်ကို


ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ရဲလေးရဲ့ အလှူလေးကို

သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါရစေ။

#credit