Local News

ရန်ကုန်သားတွေ ကြွားလို့ရပြီနော် အဆင့်မြင့်ပြု့ပြင်ပြီးပြီ ဖြစ်တဲ့ ရန်ကုန်မြို့တွင်း မြို့ပတ်ရထားလမ်း

ရန်ကုန်-ကြည့်မြင်တိုင်နှင့် ရေကူး-တာမွေလမ်းပိုင်း

မြို့ပတ်ရထားလမ်း အစုန်အဆန်လမ်း ပြုပြင်ပြီး


ရန်ကုန်-ကြည့်မြင်တိုင် နှင့်ရေကူး-တာမွေလမ်းပိုင်း

မြို့ပတ်ရထားလမ်း အစုန်အဆန်လမ်း ပြုပြင်ပြီး ဖြစ်ကြောင်း

မြန်မာ့မီးရထား အမှတ် ၇ တိုင်း ရန်ကုန် က သိရသည်။
ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို

အနောက်ခြမ်းနှင့် အရှေ့ခြမ်းဟူ၍  ၂ ပိုင်းခွဲပြီး မြန်မာ့မီးရထားမှ
ဆောင်ရွက်ခဲ့ရာတွင် အနောက်ခြမ်းကို A 1 ကုမ္ပဏီက


၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် မှစ၍ တညင်းကုန်း အင်းစိန်
၃ ဒသမ ၇၅ မိုင် အင်းစိန် ကြည့်မြင်တိုင် ၅ ဒသမ ၅ မိုင်

ကြည့်မြင်တိုင် ဘုရားလမ်း ၃ မိုင်ဟူ၍ စုစုပေါင်း ၁၂ ဒသမ ၂၅ မိုင် ကို
အပိုင်း ၃ ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတွင် နောက်ဆုံးကျန်ရှိနေသည့် ကြည့်မြင်တိုင် ဘုရားလမ်း အတွင်းလမ်း
Inner Line မှ ပြီးစီး သွားသဖြင့် အစုန်အဆန် ရထားများ

ပုံမှန်အတိုင်း သွားလာနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။


ရန်ကုန်မြို့ပတ် အရှေ့ခြမ်းကို ရွှေတောင်ကုမ္ပဏီ မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ
၂၁ ရက်ကစ၍ တညင်းကုန်း ပုရွက်ဆိတ်ကုန်း ၇ ဒသမ ၂၅ မိုင်

ပုရွက်ဆိတ်ကုန်း ပုဇွန်တောင် ၈ ဒသမ ၅ မိုင် စုစုပေါင်း ၁၅ ဒသမ ၇၅ မိုင် ကို
အပိုင်း ၂ ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း ယခုအခါ ရေကူး တာမွေအပြင်လမ်း

Outer Line ကို ဖွင့်လှစ်ခဲ့သဖြင့် တညင်းကုန်းဘူတာ မှ တာမွေဘူတာအထိ
အစုန်အဆန် အတွင်းလမ်း အပြင်လမ်း ၂ခုလုံး ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။


တာမွေ- ပုဇွန်တောင်လမ်းပိုင်းမှာ အပြင်လမ်း Outer Line ပြုပြင်ထားပြီး
အတွင်းလမ်း Inner Line သာ ကျန်ရှိတော့ကြောင်းနှင့် ပြုပြင်ရန် ကျန်ရှိနေသည့်

တာမွေ ပုဇွန်တောင် အတွင်းလမ်းပိုင်း Inner Line ကို လာမည့် ၂၀၂၁ ခုနှစ်
ဇန်နဝါရီလကုန်တွင် ဖွင့်လှစ်နိုင်ရန် ဆေင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ယခုအခါ ကိုဗစ် ရောဂါဖြစ်ပွားနေသည့်ကာလ ဖြစ်သဖြင့်
မြို့ပတ်ရထားပြေးဆွဲမှုကို ရထားတွဲဆိုင်း ၃ ဆိုင်း ဖြင့်သာ

နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးချိန်ရထားများကို ပြေးဆွဲ ပေးလျက်ရှိပြီး
ပျမ်းမျှအားဖြင့် ရုံးဖွင့်ရက်များတွင် တစ်နေ့လျှင် ခရီးသည် ၃၇၀၀ ဦးခန့်နှင့်

ရုံးပိတ်ရက်များတွင် ၃၁၀၀ ဦးခန့် စီးနင်း လျက်ရှိကြောင်း သိရသည်။
#credit