Local News

မန္တလေး-ရန်ကုန်-မန္တလေး မိုင် ၈၀၀ ခရီးကို ရက် ၄၀ကြာ ပြေးမည့် သင်္ဘောသား အပြေးသမား (၁၅၅)သို့ရောက်ပြီ

ကိုဗစ်ကာလ သင်္ဘောအလုပ်များနားနေချိန် ၌ မန္တလေး – ရန်ကုန်- မန္တလေး မိုင်(၈၀၀)ခရီးကို
ရက်(၄၀)ကြာပြေးမည့် သင်္ဘောသားတစ်ဦးဖြစ်သူ ကိုဇော်လင်းသန်းသည်


ဇန်နဝါရီ(၁)နေ့က ခရီးစဉ်ကို မန္တလေးမြို့ မင်္ဂလာတံတား စတင်ခဲ့ရာ

ယနေ့ ညနေ ၆ နာရီအချိန်တွင် ရန်ကုန် မန္တလေး အဝေးပြေးလမ်းမကြီး

မိုင်တိုင်အမှတ်(၁၅၅)သို့ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။


ယင်းသို့လုပ်ဆောင်ခြင်းသည် ရက်ပေါင်း(၄၀)အတွင်းမိုင်ရာချီခရီးဝေးကို ပြေးနိုင်သည့်

သင်္ဘောသားတစ်ဦးအဖြစ် မြန်မာပြည်စံချိန်တင် မှတ်တမ်းဝင်ရန် ကြိုးပမ်းခြင်းနှင့်

ရရှိအလှူငွေများကိုပြန်လည်လှူဒါန်းရန် ဖြစ်ကြောင်း ကိုဇော်လင်းသန်းကဆိုသည်။


ကျွန်တော် မန္တလေး မင်္ဂလာတံတားကနေ ရန်ကုန်ရွှေတိဂုံဘုရားအထိ
ရန်ကုန် ရွှေတိဂုံဘုရားကနေ မန္တလေး မဂ်လာတံတား အထိ
မိုင်ပေါင်း ၈၀၀ နီးပါးကို ရက် ၄၀ နဲ့ ပြေးနေတာပါ

မြန်မာနိုင်ငံမှာ ပထမဆုံး မိုင် ၈၀၀ ခန့် ပြေးသူအဖြစ် စံချိန်တင်လိုတာရယ်
မြန်မာပြည်သူများ Covid 19 ရောဂါကာလအတွင်း စိတ်အားတက်ကြွကြစေဖို့ရယ်


မန္တလေးမြို့တွင်းရှိ စာသင်တိုက်များနှင့် Covid ထိန်းချုပ်ရေး စင်တာများအတွင်း
တာဝန်ထမ်းဆောင်နေသော ဆရာဝန် သူနာပြုများအတွက်

ကျန်းမာရေးစောင့်ရှောက်မှု ရံပုံငွေရှာဖွေရန် အတွက် ဖြစ်ပါတယ်။
ပြီးတော့ ကျွန်တော်သမီးလေးမွေးနေ့ အထိမ်းအမှတ်အဖြစ် လည်းပါပါတယ်။


ဒီနေ့ဆိုရင် Forever Group ကကျောင်းသုံး စာရေးကရိယာတွေလှူတယ်။
စေတနာရှင် ပြည်သူတွေလည်း ဆက်သွယ်လှူဒါန်းမှု တွေရှိပါတယ်ဟု ၄င်းကပြောသည်။

အဆိုပါ ခရီးစဉ်အောင်မြင်ရေး အတွက် Myanmar Seaman Federation က
ငွေကျပ်(၁၀)သိန်းပံ့ပိုးထားပြီး ခရီးစဉ် နှင့်အလှူများဖြစ်မြောက်ရေး အတွက်


Pocarisweat ၊ Mann Myittar Trading နှင့် T.Home တို့ကအဓိက
ကူညီပံ့ပိုးထားကာ ခရီးစဉ်တလျှောက် ရရှိသည့်အလှူငွေအားလုံး၏ ၈၅%ကို

မန္တလေးတိုင်းအတွင်းရှိ သံဃာတော်များ ၊ သီလရှင်များ ၊Covid 19 ထိန်းချုပ်ရေး
စင်တာများတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန် သူနာပြုများနှင့်

Volunteer ညီအကိုမောင်နှမများ နှင့်လိုအပ်သော စက်ကိရိယာများ
ဆေးရုံတက်ရန် ဆေးဝါးစားရိတ် အခက်အခဲရှိနေသော


မည်သူ့ကိုမဆို လှူဒါန်းသွားမည်ဖြစ်သည် ။
၄င်းခရီးစဉ်တွင် အမြန်လမ်းတလျောက်ရှိ ရဲစခန်းများ ရဲကင်းများ

ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားသောက်ဆိုင်များက
အစားအသောက် ကျွေးမွေးခြင်းနှင့် အနားယူရန်တို့အတွက်

မေတ္တာဖြင့်စီမံဆောက်ရွက်ပေးကြကြောင်းသိရှိရသည်။
#credit