Knowledge

ဆရာ ဆရာမများနှင့် မြေပြန့်ဒေသကိုပါ ရိုက်ခိုက်သွားတဲ့ မီးအိမ်ရှင်မလေးရဲ့ ရင်နင့်ဖွယ် အဖြစ်ဆိုး

ခက်ခဲကြမ်းတမ်းတဲ့ ခေါင်လန်ဖူး တောင်ပေါ်မြေမှာ

ကြွေလွင့် အသက်ပေးသွားရတဲ့ မီးအိမ်ရှင်ဆရာမလေး ဒေါ်စန္ဒာမိုး


တာဝန်ကျရာကျေးရွာမှ အစိုးရရုံးစိုက်တဲ့ ခေါင်လန်ဖူးမြို့ပေါ်သို့

လစာထုတ်ရန် တောင်ပေါ်ခြေလျင် လမ်းခရီးကို ၃ ရက်ကြာ

လမ်းလျောက်လာရတဲ့ အလယ်တန်းပြဆရာမလေး ဒေါ်စန္ဒာမိုးဟာ

နှလုံးအားနည်းရောဂါ ရှိတာကြောင့် 2020 စက်တင်ဘာလ 4 ရက်နေ့


တောင်ပေါ် လမ်းခရီးတစ်ဝက်မှာ အမောဆို့ပြီး ကွယ်လွန်ခဲ့ရပါတယ်

ခေါင်လန်ဖူးမြို့ရဲ့ ပင်ပန်းဆင်းရဲခက်ခဲ ကြမ်းတမ်းလွန်းတဲ့ ဒေသဒဏ်ကို

ရောဂါအခံရှိတဲ့ ဆရာမလေးက မခံနိုင်ခဲ့ဘဲတောင်ပေါ်မြေကို

မြေပြန့်ကနေ လာရောက်အလင်းပေး တာဝန်ထမ်းဆောင်ရင်း


အမောဖောက် ကွယ်လွန် ခဲ့ရတာဘဲ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာပင် မိသားစုနဲ့ မတွေ့လိုက်ရဘဲ ခေါင်လန်းဖူးဒေသခံတွေက

တောင်ပေါ်မှာဘဲ မြေမြုပ်သဂြိုလ်ပေးခဲ့ရပါတယ်။

ဆရာမသေဆူံးတဲ့ သတင်းက ဆရာ ဆရာမလောကနဲ့
မြေပြန့်ကိုပါရိုက်ခတ်ခဲ့ပါတယ်။


တောင်ပေါ်မြေကို အလင်းပေးနေကြတဲ့ အညတရ သူရဲကောင်းအာဇာနည်

မီးအိမ်ရှင်လေးများရဲ့ ကျေးဇူးတရားကို သတိရအသိအမှတ်ပြုလျက်ပါ။

တောင်ပေါ်မြေဟာ လှပလွန်းပေမဲ့ ခက်ခဲကြမ်းတမ်းလွန်းပါတယ်။

လက်တွေ့ရင်ဆိုင်ရန် မလွယ်ကူပါ တချို့က မီးအိမ်ငယ်တွေကို အပြစ်ပြောကြတယ်။


တချို့က ကဲ့ရဲ့ကြတယ် တချို့က ဝေဖန်ကြတယ်။

တောင်ပေါ်မြေကို မိမိတို့မှာရှိတဲ့အလင်းရောင်ကို တက်နိူင်သမျှပေးစွမ်းနေတဲ့

မီးအိမ်ငယ်လေးများကို မကူညီရင်နေပါ မကဲ့ရဲ့ပါနဲ့ မချီကျူးရင်နေပါ မဝေဖန်ပါနဲ့

ဂုဏ်မပြုရင်နေပါ အပြစ်မပြောရင်ဘဲ ကျေနပ်ပါပြီလို့ မီးအိမ်ရှင်များကိုယ်စား


တောင်းဆိုခဲ့ကြပါတယ် ဘာကြောင့်လဲဆိုတော့ ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်မြေကို

အလင်းရောင်ပေးကြတဲ့ မီးအိမ်ရှင်တိုင်းက အချိန်မရွေး ကြွေလွင့်အသက်ပေးရနိုင်ပါတယ်။
#crd