Local News

အမြန်လမ်းမှာ သေကံမရောက်သက်မပျောက် ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် ထွန်းထွန်း

အမြန်လမ်းမိုင်တိုင် 226 ဝန်းကျင်မနေ့က 9.1.2021ရက် ည 10:30အချိန်တွင်

ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ အဆိုတေသရုပ်ဆောင် Example ကိုထွန်းထွန်း

မောင်းနှင်လာသော Alphard အဖြူရောင်ယာဥ်သည် အမြန်လမ်းမိုင်တိုင် 226 အရောက်

အတက်အဆင်း လမ်းပျောက်သည့် နေရာတွင်
အရှည် ခြောက်ပေ အချင်း ငါးလက်မ

ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအားအမြန်လမ်း လမ်းအလယ်တွင် ကန့်လန့်

ပိတ်ထားမှုအား ရုတ်တစ်ရပ် တွေ့ရှိလိုက်ရသဖြင့် ကီလို ၁၀၀အရှိန်ဖြင့် ကိုထွန်းထွန်း

မောင်းနှင်လာသော ယာဥ်မှာ သစ်လုံးကို
ရသလောက် ရှောင်တိန်းရင်း ကားဘယ်ဘက်

ဘီး ကားဝမ်းဗိုက်တို့ နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲ

တိုက်လောက်ကွေး ကားအောက်ပိုင်း တစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီး အပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီး မှ

ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီး ကားဆက်မောင်းလာခဲ့ပါတယ် ကားပေါ်စီးနင်း

လိုက်ပါလာတဲ့ အမျိုးသား၂ ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင်

230 အရောက်တွင် ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။ ည 10.55 မိနစ်တွင်

ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်း နှင့်

လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက်အကူအညီ တောင်းလာပါ

သဖြင့်အသင်းမှ အရေးပေါ် ကယ်ဆယ်ရေး
ယာဥ်တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍

အရေးပေါ် သွားရောက်ကူညီခဲ့ ရပါသည်။
ည 12:00 နာရီအချိန်တွင် ကားပျက်နေသည့်

အမြန်လမ်း မိုင်တိုင် 230 သို့ရောက်ရှိပြီး
မောင်းမရတော့သည့် ယာဥ်အား ကရိန်းဖြင့်

ရွှေ့ပြောင်းသယ်ဆောင်ပြီး ကိုထွန်းထွန်း ကိုတော့ မျိုးဆက်သစ် မြတ်ပါရမီ အသင်းမှ

ကယ်ဆယ်ရေးယာဥ်ဖြင့် မန္တလေးသို့
ပို့ဆောင် ကူညီပေးခဲ့ရပါသည်။

#credit