Health

သင်မသိသေးသော လောက်သေရွက် နှင့် သက်သာပျောက်ကင်းစေသော ရောဂါများ

ချွေးငုတ်သူများ ချွေးပုပ်များထွက်ပြီး လူခန္ဓာအား လန်းဆန်းစေကြောင်း

အမှန်ဆိုလျှင် ထား၀ယ်မှိုင်း ပင်ပါ ထည့်သွင်းပြီး သုပ်ကြကြောင်းနှင့်


လက်ဖက်ရည်ဝိုင်း တွင်တည် ခင်းသော ရိုးရာဓလေ့တစ်ခု လည်းဖြစ်သည်။

လောက်သေပင်၏ ထား၀ယ်အမည်မှာ မုဆိုးလှံဟု ခေါ်ဆိုပါသည်။

ထား၀ယ်မြို့တွင် အစိုးရတာ ၀န်ထမ်းဆောင်ခဲ့စဉ် လောက်သေရွက်အား

လက်ဖက်ခြောက် အဖြစ် ရေနွေးကြမ်း သောက်ကြသည်လည်း တွေ့ဖူးခဲ့ပါသည်။


အချို့လူအများ ဆေးလိပ်ကို အလွန်နှစ်ခြိုက်ကြပါသည်။

ဆေးလိပ်သောက်ခြင်း၏ ဆိုးကြိုးကို ထိုသူတို့ သိကြပါသော်လည်း

ဆေးလိပ်ကိုမဖြတ်နိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဆက်၍သောက်သုံးသူများ ရှိနေကြသလို

ဆေးလိပ်ကို ကျန်းမာရေးအသိ အမှန်ရှိစွာ ဖြတ်တောက်သူများလည်း ရှိလေသည်။


ဆေးလိပ်မဖြတ်နိုင်သည့် သူများအတွက် အဆုတ်ကောင်းမွန် စေရန်

လောက်သေရွက်ကို အသုံးပြုကြပြန်သည်။

လောက်သေရွက် ၁၀ဆယ်သားအား သန့်စင်စွာ ဆေးကြောပြီး

ရေတစ်ဖလားခန့်ဖြင့် ပြုတ်ကျိုရန်ဖြစ်ပါ သည်။


ထိုသို့ပြုတ်ကျိုစဉ် ဆားအနည်းငယ်နှင့် သံပုရာသီး တစ်ခြမ်းခန့်ထည့်၍

ပြုတ်သည်လည်း ရှိလေသည်။ ရရှိသော လောက်သေရွက်ပြုတ်ဆေးရည်ကို

နံနက် နေ့လည် ည ငါးကြင်းဖန်ခွက်ဖြင့် နေ့စဉ်သောက် သုံးခြင်းဖြစ်လေသည်။


၇ ရက်မြောက်နေ့တွင် ဆေးလိပ် ဆေးဂျိုးများ ကွာကျလာပြီး

အသက်ရှူလမ်း ကြောင်းသိသာစွာ ကောင်းမွန် လာပါသည်။

ထိုကြောင့် ဆေးလိပ်မဖြတ်နိုင်သူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိသည့်

လောက်သေရွက်ကို အဆုတ်ကောင်းစေရန် အမှတ်တရသုံးစွဲသင့်ပေသည်။


လောက်သေရွက်နှင့် ပန်းသေရောဂါ ပန်းသေဖြစ်က ၀မ်းမသာရသည်က

အမျိုးသားတို့၏ ဘ၀သာဖြစ်သည်။ အမျိုး သားတို့ဖြစ်တတ်ကြသော

ပန်းသေရောဂါတွင်လည်း လောက်သေပင်၏ အစွမ်း အံ့မခန်းပါ၀င်ပြန်သည်။


လက်တွေ့ ပန်းသေရောဂါခံစားခဲ့ဖူးသူ မိတ်ဆွေတစ်ဦးက

လောက်သေပင်သည် ဆေးအဖြစ်အသုံးပြုသော ဟင်းလျာ ဖြစ်ပါကြောင်း

ယုံကြည် သူတို့ အတွက် အမှန်ပင်ပန်း သေရောဂါကို ပျောက်ကင်းစေသည် ဟုဆိုပါသည်။


စားဖွယ်အဖြစ် လောက်သေရွက် လယ်ပတူရွက် ငရံ့ပတူ ရွက်နှင့် ဆီးဖြူသီးတို့ကို

ရေနွေးဖြင့်ဖျော၍အစားသွပ်ပြီး ပုံမှန်သုပ်စားခြင်းပင်ဖြစ်သည်ဟုဆိုပါသည်။

ထိုသို့သုပ်စား ပေးခြင်းဖြင့် ပန်းသေရောဂါကို ပျောက်ကင်းစေသည့် အပြင်


ပန်းနာ ချောင်းဆိုး ဆီးအောင့် ခေါင်းကိုက် ကလေးချွဲထခြင်း ကလေးနှာပိတ်ခြင်း

အမျိုးသမီးများ မီးယပ်သွေးမမှန်သောရောဂါ ၀မ်းသက်ခြင်းနှင့်

လန့်တတ်ခြင်း တို့ကိုပါကာကွယ်ပေးနိုင်လေသည်။


လောက်သေရွက်ကို မြန်မာဆေးကျမ်းများအလိုအရ လောက်သေပင်သည်လေ

သလိပ် သည်းခြေကိုနိုင်၏။ အသက်ကို ရှည်စေကာ ကာမအားကိုတိုးစေ၏။

ရောဂါပိုးကိုပယ် တတ်၏။ အဆီကိုတိုးပွါးစေ၏။ အူတို့ကို တွန့်ရှုံ့စေတတ်၏။

အဖျားရောဂါတို့ကြောင့် ဖြစ်တတ်သော လေရောဂါ မြင်းသရိုက် ဖေါရောင်ခြင်း


ပန်းနာ ချောင်ဆိုး အန်ခြင်း စသည်တို့ကို ပျောက်ကင်း သက်သာစေနိုင်ပါသည်။

လောက်သေရွက်ကို လက်ဖက် ခြောက်ကဲ့သို့သောက်သုံးခြင်းဖြင့်

ဆီးပူ ဆီးအောင့်နှင့် အရေပြားရောဂါတို့ ပျောက်ကင်းစေပါသည်။

#crd