Local News

တရုတ်နိုင်ငံက မြို့တစ်မြို့ပေါ်က ငှက်ကြီးတစ်ကောင်နဲ့ တူလွန်းတဲ့တိမ်တိုက် ကြီးဖွဲ့စည်းဖြစ်ပေါ်

တရုတ်နိုင်ငံက မြို့တစ်မြို့မှာ ငှက်ကြီးတစ်ကောင်နဲ့
တူလွန်းတဲ့ တိမ်တိုက်ကြီး ဖွဲ့စည်း ဖြစ်ပေါ်


ဇန်နဝါရီလ ၉  ၂၀၂၀ တရုတ်နိုင်ငံ တောင်ပိုင်းက မြို့တစ်မြို့ရဲ့
ကောင်းကင်ယံမှာ ငှက်ကြီးတစ်ကောင် အတောင်ဖြန့် ပျံသန်းနေတဲ့

ပုံစံမျိုး ဧရာမ တိမ်တိုက်ကြီးတစ်ခု ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ပါတယ်။


ကောင်းကင်မှာ တိမ်စိုင် တိမ်လိပ်တွေက ပုံသဏ္ဍန် အမျိုးမျိုး
ပြောင်းလဲနေတတ်တာက ပုံမှန် သဘာဝ ဖြစ်ရပ်မျိုးပါ။

ဒါပေမဲ့ ဇန်နဝါရီ ၈ ရက်က ဖူကျန်းပြည်နယ် ဖူဇူးမြို့ရဲ့
ကောင်းကင်မှာ တွေ့ရတဲ့ တိမ်တိုက်ကြီးကတော့


ငှက်ကြီးတစ်ကောင်နဲ့ အရမ်းတူပြီး
အနားသတ်တွေကလည်း ပိရိသေသပ်နေပါတယ်။

ပြီးတော့ ဘေးနားတဝိုက်မှာလည်း တခြား တိမ်မျှင်တွေ ရှိမနေဘဲ
ရှင်းလင်းနေတာကြောင့် မြို့ပေါ်မှာ ငှက်ကြီးတစ်ကောင်

အတောင်ဖြန့်ပြီး အုပ်မိုးထားသလို ပုံရိပ်မျိုး ပိုပြီး ပီပြင် ပေါ်လွင်နေပါတယ်။


ညနေပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိမ်ထုကြီးဟာ နာရီပေါင်း အတော်ကြာတဲ့ထိ

မပျောက်ပျက်ဘဲ တည်မြဲနေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိမ်ထုကြီးရဲ့ ထူးခြားတဲ့ အသွင်အပြင်ကို သတိပြုမိသွားတဲ့


မြို့ခံ တော်တော်များများက ဗီဒီယိုတွေ ရိုက်ပြီး
လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တင်ထားကြတာကိုလည်း တွေ့ရပါတယ်။
#crd