Local News

ရင်သွေးငယ်လေးတွေ ဆယ်ဦးအထိ သေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ဆေးရုံမီးလောင်မူ့ကြီး

အိန္ဒိယနိုင်ငံ မဟာရက်ရ်ှထရာပြည်နယ်ရှိ အဓိကဆေးရုံတစ်ရုံမှာ
စနေနေ့(ဇန်နဝါရီ ၉) မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်

သားဖွားဆောင်ရှိ မွေးကင်းစကလေး ၁၀ ဦး သေဆုံးခဲ့ရကြောင်း
ဆရာဝန်တစ်ဦးက ပြောဆိုပါတယ်။

Bhandara ခရိုင်ဆေးရုံရှိ ဝန်ထမ်းတွေဟာ မွေးကင်းစကလေး ၇ ဦးကို
ကယ်တင်နိုင်ခဲ့ပေမယ့် အခြား ကလေး ၁၀ ဦးထံသွားရောက် မကယ်ဆယ်နိုင်မီ
နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ အကြီးတန်းဆရာဝန် ပရာမော့ဒ် ခန်ဒိတ်က ပြောဆိုခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကလေးအားလုံးဟာ ရက်သားနဲ့ သုံးလသားအရွယ်ကြား
ကလေးတွေဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မီးလောင်ရတဲ့ အကြောင်းရင်းကို မသိရသေးပေမယ့် မိမိတို့ဝန်ထမ်းတွေဟာ
မီးကို တတ်နိုင်သမျှ အမြန်ဆုံး ငြိမ်းသတ်ခဲ့ကြကြောင်းနဲ့ မီးခိုးတွေကြောင့်
ကလေးတွေ အသက်ရှုမွန်းကြပ်မှုဖြစ်ခဲ့ကြောင်း ခန်ဒိတ်က ပြောဆိုပါတယ်။

ဆေးရုံရဲ့ မွေးကင်းစကလေးထားရာ အဆောင်ကနေ မီးလောင်ကျွမ်းခဲ့ခြင်းကို
သူနာပြုတွေက သတိပြုမိပြီး မီးဘေးအချက်ပေးသံ ထုတ်လွှင့်ခဲ့တယ်လို့ဆိုပါတယ်။

မီးသတ်သမားတပ်ဖွဲ့က ဆေးရုံရဲ့ အခြားအစိတ်အပိုင်းတွေကို မီးမကူးအောင်
ဟန့်တားခဲ့ပြီး အခြား လူနာတွေကို ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မဟာရက်ရ်ှထရာပြည်နယ် Bhandara ခရိုင်မှာ ဖြစ်ခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ်
အဖြစ်ဆိုးကြီးကြောင့် မိမိတို့ရဲ့ အဖိုးတန်ရင်သွေးလေးတွေ ဆုံးရှုံးခဲ့ရပါကြောင်း
ဝန်ကြီးချုပ် နာရင်ဒြာမိုဒီက တွစ်တာမှာ ဝမ်းနည်းစကားဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ဆေးရုံတွေရဲ့ လုံခြုံဘေးကင်းမှုနဲ့ ပတ်သက်ပြီး သံသယတွေမြင့်တက်ခဲ့ရတဲ့
ယခုဖြစ်ရပ်အပေါ် အလျင်အမြန် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။

အိန္ဒိယမှာ ဆေးရုံတစ်ရုံ မီးလောင်မှုဖြစ်ခဲ့လို့ မွေးကင်းစ ကလေး ၁၀ ဦး သေဆုံး
အိန္ဒိယနိုင်ငံ မဟာရက်ရ်ှထရာပြည်နယ်ရှိ အဓိကဆေးရုံတစ်ရုံမှာ

စနေနေ့(ဇန်နဝါရီ ၉) မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်
သားဖွားဆောင်ရှိ မွေးကင်းစကလေး ၁၀ ဦး သေဆုံးခဲ့ရကြောင်း ဆရာဝန်တစ်ဦးက ပြောဆိုပါတယ်။

Bhandara ခရိုင်ဆေးရုံရှိ ဝန်ထမ်းတွေဟာ မွေးကင်းစကလေး ၇ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့်
အခြား ကလေး ၁၀ ဦးထံသွားရောက်မကယ်ဆယ်နိုင်မီ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့
အကြီးတန်းဆရာဝန် ပရာမော့ဒ် ခန်ဒိတ်က ပြောဆိုခဲ့ပါတယ်။

#crd