Local News

ခရီးသည် ၅၀ ဦး ‌လေယာဉ်ဝန်ထမ်း ၆ ဦးလိုက်ပါသော အင်ဒိုနီးရှားလေယာဉ်တစ်စင်း သမုဒ္ဒရာအတွင်း ပျက်ကျ

ခရီးသည် ၅၀ ဦးလိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ လေယာဉ်

အင်ဒိုနီးရှားက ထွက်ခွာပြီးနောက် ပျက်ကျဟု သတင်းထွက်ပေါ်


ဇန်နဝါရီ ၉ ခရီးသည် ၅၀ လိုက်ပါလာတဲ့ ဘိုးအင်း ၇၃၇ ခရီးသည်

လေယာဉ်တစ်စင်း အင်ဒိုနီးရှား ဂျာကာတာမြို့တော်ကနေ

ထွက်ခွာသွား​ပြီးနောက် မကြာခင် ပေ ၁၀၀၀၀ ကျော်ကနေ

ထိုးကျသွားတယ်လို့ သတင်းတွေက ဆိုပါတယ်။


အဆိုပါလေယာဉ်ဟာ ဂျာကာတာလေဆိပ်ကနေ

ထွက်ခွာသွားပြီးနောက် ပင်လယ်ပြင်ထဲ ကျရောက်ပြီး

ပျောက်ကွယ်သွားတယ်လို့ သိရပါတယ်။

Sriwijaya Air လေယာဉ်ဟာ ယနေ့ စနေနေ့က

ဂျာကာတာမြို့တော်က ထွက်ခွာသွားပြီးနောက်


လေယာဉ်ထိန်းချုပ်ရေး စခန်းနဲ့ အဆက်အသွယ်

ပြတ်တောက်သွားတယ်လို့ ဒေသခံသတင်းဌာနတွေက ဆိုပါတယ်။

အဆိုပါလေယာဉ်ဟာ ကာလီမန်တန်ပြည်နယ်အနောက်ပိုင်းရှိ


ပွန်တီယာနက်ကို ထွက်ခွာလာတဲ့လေယာဉ်လို့ သိရပြီး

လေယာဉ်ပေါ်မှာ ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း

၆ ဦး လိုက်ပါလာကြောင်း သိရပါတယ်။


ဘိုးအင်း B737 500 လို့ယူဆရတဲ့ လေယာဉ်ဟာ

လေဆိပ်ကထွက်ခွာပြီး လေးမိနစ်အကြာမှာပဲ

ပေ ၁၀၀၀၀ အမြင့်ကနေ ပျက်ကျခဲ့တယ်လို့ ယူဆထားပါတယ်။


ကယ်ဆယ်ရေးသမားတွေဟာ မြို့တော်မြောက်ဘက် သမုဒ္ဒရာအတွင်း

အပျက်အစီးတွေ ရှာတွေ့ခဲ့ကြပြီးနောက် ခရီးသည်တွေနဲ့

လေယာဉ်ဝန်ထမ်းတွေအတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။


Sriwijaya Air SJ182 ဘိုးအင်းလေယာဉ် ရေဒါက ပျောက်သွားပြီးနောက်

ဂျာကာတာ ပင်လယ်အော်မှာ ကယ်ဆယ်ရေးသမားတွေ

ပထမဆုံး အပျက်အစီးတွေ ရှာတွေ့ခဲ့ပါတယ်။


ဒီအပျက်အစီးတွေဟာ ဘိုးအင်း ၇၃၇ လေယာဉ်က ဖြစ်ကြောင်း

အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ဆိုပါတယ်။
#crd