Local News

မိဘမဲ့ကျောင်းက ကလေးတွေရဲ့လိုအပ်နေတာလေးတွေကို စုပေါင်းပြီးသွားရောက်လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ

မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ မြန်မာ့ဂုဏ်ဆောင် မော်လ်ဒယ်တစ်ယောက်အနေနဲ့ ရပ်တည်လာခဲ့ပြီး

နောက်ပိုင်းမှာ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ယခုဆိုရင်တော့ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်လာခဲ့ပါတယ်။

လတ်တလော အနုပညာအလုပ်တွေအနေနဲ့ ကြော်ငြာတွေအပြင် photo shooting တွေကိုလည်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ်။

င်ဝင့်ဝါ က ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေအပြင် သွယ်လျလှပတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းနေတဲ့ သူလေးပဲ ဖြစ်ပါတယ်။

သူမဟာ လူငယ်တစ်ယောက်ဖြစ်ပေမဲ့လည်း အလှူအတန်းတွေမှာ တတ်နိုင်သလောက်လှူဒါန်းပေးတာတွေရှိပါတယ်။ ယခုမှာလည်း ခင်ဝင့်ဝါက ပရိသတ်တွေကြည်နူးစေမယ့်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ဒီအလှူလေးကတော့ မိဘမဲ့ကျောင်းမှာ ကလေးတွေအတွက် လိုအပ်နေတဲ့ ဖိနပ် နဲ့ စောင်များကို မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအလှူပုံလေးတွေနဲ့လည်း ခင်ဝင့်ဝါက ” ကလေးတွေအတွက် လိုအပ်တာ လေးတွေ စုပြီး လှူဖြစ်ကြသော စုပေါင်းအလှူလေးတစ်ခု ” ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မွန်မြတ်တဲ့အလှူလေးတွေ ပြုလုပ်ခဲ့တဲ့ ခင်ဝင့်ဝါတို့ကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်…..။

သတင်းအရင်းမြစ် Source  Khin Wint Wah fb account လေးစားစွာဖြင့် crd