Knowledge

fb page ပေါင်း၆၀၀၀ကျော်က တပြိုင်တည်း Live လွင့်ပြသတဲ့ ကမ္ဘာ့အကြီးဆုံး Online Live တရားပွဲကြီး အောင်မြင်စွာပြီးဆုံး

ကမ္ဘာ့နံပါတ် အလှူအတန်း အရက်ရောဆုံး နိုင်ငံမှာ
ကမ္ဘာ အကြီးဆုံးနှစ်ဦး Online Live တရားပွဲကြီးပြီးဆုံးပါပြီ။


ဆရာတော်ကြီးများ အတွက် နောက်တိုးငွေအဖြစ်
ထပ်မံလှူဒါန်းကြရာ အလှူငွေ သိန်းပေါင်း ၇၆၀၆ လှူဒါန်းကြ။


အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ စင်ကာပူ ထိုင်း၊ မြန်မာ စသည်
နိုင်ငံပေါင်း မြောက်များစွာက လူ သန်းပေါင်းများစွာ

တပြိုင်တည်း ကြည့်ရှု တရားနာကြတဲ့ တရားပွဲကြီးပါ။
ဘယ်လောက်တောင်များ သလဲဆိုလျှင်


page ပေါင်း ၆၀၀၀ ကျော် တပြိုင်တည်း live လွင့်ကြရာတွင်
တရားပွဲအစစခြင်း fb page တစ်ခု ထဲမှာ တစ်မိနှစ် အချိန်အတွင်းတွင်

Share သူပေါင်း 1 k ကျော် သွားပါတယ် Page ပေါင်း ၆၀၀၀ ကျော်ဆို
တစ် ကမ္ဘာလုံးက တရားနာပရိတ်သတ် သန်းပေါင်း မြောက်များစွာ


တရားနာကြတဲ့ တရားပွဲကြီး ဖြစ်ပါတယ် တရားနာ ပရိတ်သတ်
ယခင် နှစ်တွေထက် များပြားလှပါတယ် တရားပွဲကြီး သတင်း

မြင်ရ ကြားရသူအပေါင်း ဝမ်းမြောက် ဝမ်းသာ ဖြစ် ကြရပါတယ်။
နှစ်ဦး ဓမ္မသဘင် ဟောကြားသည့် ဆရာတော်ကြီး ၇ပါးအား


အများပြည်သူများ လှုဒါန်းငွေ သိန်းပေါင်း ၇၆၀၆ နှင့်
အမေရိကန်ဒေါ်လာ ၁၇၅၀၀ လှူဒါန်းကြပါတယ်။

၁ ဗန်းမော် ဆရာတော်ကြီးသိန်း ၇၈၀ နောက်တိုးသိန်း ၁၂၀
စုစုပေါင်း သိန်း ၉၀၀ အမေရိကန်ဒေါ်လာ၂၅၀၀


၂ သီတဂူဆရာတော်ကြီး သိန်း ၉၃၅ နောက်တိုးသိန်း၄၁၅ စုစုပေါင်း
သိန်း ၁၃၅၀ အမေရိကန်ဒေါ်လာ ၂၅၀၀

၃ ပါမောက္ခချုပ်ဆရာ တော်ကြီး သိန်း ၉၅၀ နောက်တိုးသိန်း ၄၅၀ စုစုပေါင်း
သိန်း၁၄၀၀ အမေရိကန်ဒေါ်လာ ၂၅၀၀


၄ ယော ​​ဆရာတော်ကြီး သိန်း ၇၇၀ နောက်တိုးသိန်း၂၄၀ စုစုပေါင်း
သိန်း၁၀၁၀ အမေရိကန်ဒေါ်လာ ၂၅၀၀

၅ ဓမ္မဘေရီ ဆရာတော်ကြီး သိန်း ၇၃၈ နောက်တိုးသိန်း ၁၅၂ စုစုပေါင်း
သိန်း ၈၉၀ အမေရိကန်ဒေါ်လာ၂၅၀၀


၆ အရှင်ဆန္ဒါဓိက ဆရာတော် သိန်း ၈၁၀ နောက်တိုးသိန်း၂၉၀ စုစုပေါင်း
သိန်း ၁၁၀၀ အမေရိကန်ဒေါ်လာ ၂၅၀၀

၇ ရဝေနွယ်အင်းမ ဆရာတော် သိန်း ၇၅၆ နောက်တိုးသိန်း ၂၀၀ စုစုပေါင်း
သိန်း ၉၅၆ အမေရိကန်ဒေါ်လာ၂၅၀၀


ဤလှူဒါန်းမှု ကုသိုလ် အားလုံးအတွက် ကျွန်တော်များ
တရားပွဲ ဖြစ်မြောက်ရေး ကော်မတီမှ အကျွန်ုပ်တို့ကဲ့ သို့


ကုသိုလ် ထပ်တူ ထပ်မျှရကြပါစေရန်
၃၁ ဘုံရှိ သတ္တဝါ အားလုံး ကုသိုလ် အမျှ အမျှ အမျှ ယူတော်မှုကြပါကုန်လော့။
#crd