Local News

စိမ်းလဲ့တင်မှာ အပန်းဖြေနေရာအသစ် အကြောင်းပြောပြရင် အနားယူနေတဲ့ နေခြည်ဦး

စိမ်းလဲ့တင်မှာ မကြာခင်ဖွင့်တော့မယ့် အပန်းဖြေနေရာအသစ်တွေ အကြောင်းပြောပြရင်း သွားရောက်

အနားယူနေတဲ့ ပုံရိပ်လေးတွေကို ချပြလာတဲ့ နေခြည်ဦး

ပရိသတ်တွေရဲ့ အချစ်တော်မလေး တစ်ဦး ဖြစ်တဲ့ မင်းသမီးချောလေး

နေခြည်ဦး ကတော့ အနုပညာလောကမှာ အချိန်တို အတွင်းမှာ ကြီးမားတဲ့

အောင်မြင်မှုတွေကို ရရှိခဲ့တာ ဖြစ်ပြီ ပရိသတ်တွေရဲ့ ရင်ထဲမှာ

နေရာတစ်နေရာကို အခိုင်အမာ ရယူထားတဲ့ သူလေး ပဲဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူး

ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်တဲ့ အပြင်

သူမရဲ့ Blogger အလုပ်ကိုလည်း မလစ်ဟင်းအောင် ကြိုးစား လုပ်ကိုင်နေတာ ဖြစ်ပါတယ်နော်။

နေခြည်ကတော့ အမြဲလွတ်လပ်ပေါ့ပါးစွာနေတတ်သူတစ်ဦး ဖြစ်သော်လည်း

အနုပညာအလုပ်တွေကိုတော့ အမြဲဆန်းသစ် တာတွေကို ဖန်တီးချ ပြနေသူလေး ဖြစ်ပါတယ်။

သူမဟာ ကြော်ငြာ တွေကိုလည်း ရိုက်ကူးနေတဲ့အပြင် Live Sale တွေမှာ လည်း

ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ် ရှိနေတာ ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ အလှူအဒါန်းတွေ နဲ့ ဘာသာရေးအလုပ်တွေကို ပြုလုပ်နေတာ ဖြစ်ပြီး

အားလပ်ချိန်တွေမှာ စိမ်းလဲ့တင်ကို သွားကာ အပန်းဖြေနေတဲ့ ပုံရိပ်လေးတွေကိုလည်း တွေ့ရပါတယ်နော်

လက်ရှိမှာတော့ နေခြည်ရဲ့Beautybynaychi စာမျက်နှာတွင် Sane Let Tin 2.0 Second

Generation ရဲ့ လူငယ်စွန့်ဦးတီထွင်သူတွေကို နေခြည်အရမ်းသဘောကျတယ်။

 

အရမ်းလည်း လေးစားတယ်။

နေခြည်တို့မိသားစုမှာဆို ဖေဖေ့ဆီကစပြီး entrepreneurship သွေးတွေ စီးဆင်း လာတာ

မောင်နှမတွေအားလုံးမှာ အဲ့စိတ်ဓါတ်တွေအပြည့်ပဲ။

အခုနေခြည် မောင်လေးက စိမ်းလဲ့တင်မှာ MotoDrift ဆိုပြီး ကားပြိုင်ကွင်း motorbikတွေtrekkersတွေ

campers တွေအတွက် outdoor activities တွေအများကြီးလုပ်နေပါတယ်။

ခေတ်လူငယ်တစ်ယောက် ဒီလို အားကြိုးမာန်တက်လုပ်နေတာမြင်တော့ အမတစ်ယောက်အနေနဲ့ အရမ်းဝမ်းသာတာပဲ။

အခု Camping Ground လေးက မကြာခင်ဆို soft opening လုပ်တော့မယ်။

အားလုံး ready ဆိုတာနဲ့ public ကို မကြာခင်ဖွင့်ပေးတော့မယ်နော်။

စိမ်းလဲ့တင်ဝန်းအတွင်းမှာပဲဆိုတော့ သွားရလာရတာကအစ လုံခြုံရေး

အစားအသောက် အနေအထိုင် facilities အားလုံးပြည့်စုံပါတယ်။

အခုပုံလေးတွေကတော့ အမြည်းပေါ့နော်။

သေချာဖွင့်ပြီဆိုမှ camp site ကြီးကို ရှယ်ရိုက်ပြမယ်။

အခုတော့ နေခြည့်ပုံလေးတွေပဲ ကြည့်ပေးနော်”ဆိုပြီး လှပတဲ့ ပုံရိပ်လေးတွေနဲ့ အတူ

မျှဝေပေးလာတာ ဖြစ်ပါတယ်နော်။

ကဲ ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit