Local News

မြန်မာ့ ပထမဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ခဲ့တဲ့ AA Medical ရဲ့ ဥက္ကဋ္ဌကို ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်

AA Group/ AA Medical Products Ltd ရဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်ကို

နိုင်ငံတော်သမ္မတက ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်လိုက်တယ်လို့

ဒီနေ့ ဇန်နဝါရီလ(၄)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကိုတော့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကြောင်းအတွက် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်ပေးလို့ ချီးမြှင့်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာဘဲ AA Medical Products က ကိုဗစ်ကုသဆေး Favipac ကို မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ပြီးလို့ ကြေညာခဲ့ပါသေးတယ်။

ဒါ့အပြင် AA Medical Products က ကိုဗစ်ရောဂါရှာဖွေရေးစက် Cobas 6800 နဲ့ ရောဂါရှာဖွေရေးဆေးရည်တွေကို လှူဒါန်းခဲ့ပါသေးတယ်။

ဒီနှစ်မှာတော့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ဦးဇော်မိုးခိုင်အပြင် မန္တလေးက ရွှေလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးမောင်ကိုကလည်း ရရှိခဲ့ပါသေးတယ်။

Photo : AA Medical ( ဦးဇော်မိုးခိုင်နှင့် ဇနီးဒေါက်တာစောနေနွယ် )

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ဗိုင်းရပ်စ်ပိုးအပါအဝင် Influenza ဗိုင်းရပ်စ်များကုသသောဆေးဝါး(သောက်ဆေး)ထုတ်လုပ် အောင်မြင်မှူ

Covid-19 virusအပါအဝင် influenza virus ကုသဆေး “FAVIPAC (Favipiravir 200mg) သောက်ဆေးကို COVID-19 လူနာများ၊ ပြင်းထန် တုတ်ကွေးလူနာများ (Mild to Moderate Symptom) အတွက် Pacific Medical Industries Ltd (PMI)

အနောက်တိုင်းဆေးဝါးစက်ရုံမှ မြန်မာနိုင်ငံတွင်”ပထမဦးဆုံး”ထုတ်လုပ်ခြင်း၊ “FDA approval” ရရှိခြင်းနှင့် “လှူဒါန်းခြင်း”အမှတ်တရ

Pacific Medical Industries Ltd (PMI) သည် Russia, China, India, Taiwan, Japan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် Emergency Use Authorisation approval (အရေးပေါ်အခြေအနေတွင်သုံးစွဲရသောဆေး) အနေဖြင့်သုံးစွဲနေသော

Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊

Analytical Method Development Scientist များ နှင့်

မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် ထုတ်လုပ်နိုင်ခဲ့ပါသည်။

ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 Virus ပိုးအပါအဝင် Influenza virus ကုသဆေးဝါးထုတ်လုပ် အောင်မြင်မှူဖြစ်ပါသည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင်

Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ၏ ဒီဇင်ဘာ(၂၃)ရက်နေ့အကြောင်းစာအရ ခွင့်ပြုချက်ရရှိခဲ့ပါသည်။

FAVIPAC (Favipiravir 200mg) သောက်ဆေးကို Covid-19 ရောဂါလက္ခဏာနှင့် Influzena တုတ်ကွေးရောဂါလက္ခဏာအနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့်

အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

အားလုံးသိကြသော Remdesivir မှာထိုးဆေးဖြစ်ပြီး ဆေးရုံတွင် ၅-၁၀ရက်ခန့်ထိုးရသော အကြောဆေးဖြစ်ပါသည်။

Remdesivir ထိုးဆေးသည် PMI၏ Favipac(Favipiravir) ထက် အဆများစွာ ပိုမိုစျေးကြီးသော ထိုးဆေးဖြစ်သည့်အလျှောက်

တိုင်းပြည်နှင့် အလှူရှင်များအတွက် စရိတ်စက ပိုမိုကြီးမြင့်စေသကဲ့သို့ သောက်ဆေးနှင့်ယှဉ်လျှင် side effects ပိုများနိုင်သည်ကိုလည်း လူတိုင်းသိကြပြီးဖြစ်ပါသည်။

ထို့ကြောင့် FAVIPAC သောက်ဆေးဖြင့် တိုင်းပြည်၊ အလှူရှင်၊လူနာနှင့် ဆရာဝန်များအတွက် တဖက်တစ်လမ်းက အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။

ယခုဖြစ်ပွားလျှက်ရှိသော Covid-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန်တွင် မြန်မာနိုင်ငံ၌ Covid-19 လူနာများနှင့် ပြင်းထန်တုတ်ကွေးလူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ

FAVIPAC (Favipiravir 200mg)ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ central medical store department သို့

30.12.20 တွင် tablets (10,000)ပေးပို့လှူဒါန်းခဲ့ပြီး၊31.12.20 တွင် Tablets 15,000 ကို တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့၎င်းလှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ Tablet 50,000 ကို တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို့

ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်။လေးစားစွာဖြင့်  crd