Local News

၁၀တန်းကို ၆ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ပြီး သာသနာ့ဘောင်ကို အပြီးဝင်သွားတဲ့ ဆရာတော်လေး

တက္ကသိုလ်ကျောင်းတွေဖွင့်တော့မယ်သားရေ။ သားသူငယ်ချင်းတွေအားလုံး ကိုယ်ဝါသနာပါရာဘ

တက္ကသိုလ်အသီးသီးကိုတက်ကြဖို့ ပြင်ဆင်နေကြပြီပေါ့။

မေမေ့သားလေးလည်း ဘဝရဲ့တစ်ဆစ်ချိုးအကွေ့ကို ချိုးကွေ့မသွားခဲ့ဘူးဆိုရင် ဟိုးအရင်သားငယ်စဉ်ကတည်းက

အိပ်မက်မက်ခဲ့တဲ့ ဆေးတက္ကသိုလ်ကျောင်းတော်ကြီးကို

တက်ရောက်ပညာသင်ကြားဖို့အတွက်ြပြင်ဆင်နေပြီပေါ့နော် သားအမြဲပြောတတ်တဲ့ စကားလေးကသားကြီးလာရင် လူသားတွေရဲ့အသက်ကို ကယ်တင်တဲ့၊

လူတွေရဲ့ရောဂါဝေဒနာတွေကိုသက်သာပျောက် ကင်းအောင်ကုသပေးနိုင်တဲ့ ဆရာဝန်ကြီး တစ်ယောက်ဖြစ်ချင် တယ်မေမေ။ ဖြစ်အောင်လည်းသားကြိုးစားမယ်

ငယ်စဉ်ကတည်းက မိဘအပေါ်သိ တတ်လိမ္မာပြီး အတန်းစဉ်ပညာ ထူူးချွန်ဆုတွေ အမြဲရခဲ့တဲ့သားလေးဟာ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း ကိုလည်း ဘာသာစုံဂုဏ်ထူး ရမှတ်၅၂၇ နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။

သားဖြစ်ချင်တဲ့ ဆရာဝန်ကြီးလုပ်လို့ရပြီဆိုတဲ့ အသိနဲ့

အောင်စာရင်းထွက် တဲ့နေ့က မေမေဝမ်းသာလွန်း လို့ မျက်ရည်များတောင် ကျခဲ့မိပါတယ်။

အဲဒီဝမ်းသာမျက် ရည်လေးတောင်မခြောက် ခင်မှာပေါ့ သားပြောလာ တဲ့စကားက မေမေ သား၁၀တန်းကိုလည်း ထူးချွန်အောင်ကြိုး စားခဲ့ပြီးပြီ။

ဆေးပညာ သင်ယူပြီး ဆရာဝန်တစ်ယောက်လည်းလုပ် လို့ရပြီ။

ဒါပေမဲ့မေမေ သားရှေ့ဆက်ပြီး ခုလိုလောကီပညာ ရပ်တွေထက် လောကုတ္တရာပညာရပ်တွေ ကိုပဲ သင်ယူချင် လေ့လာချင်တယ်မေမေ။

သား သာသနာ့ဘောင်ကိုအပြီးဝင်ပြီး တရားဓမ္မစာပေတွေကို ပဲလေ့လာတော့မယ်။

သားကိုခွင့်ပြုပါနော် ရုတ်တရက် မေမေ့ရင်တွေ ပူလောင်သွားခဲ့ တယ်သား။

တဒင်္ဂခနမှာ မေမေဆောက်တည်ရာမရ ဝမ်းနည်းပူဆွေးခဲ့ရတယ်။

၉တန်း၊၁၀တန်းမှာ မလှိုင်မိသား စုကျောင်းကို ပညာသွားသင်နေ တာမို့ နှစ်နှစ် ခွဲနေခဲ့ရပြီး ခုလိုမိသားစု စုံလအတူတူနေ၊ အတူစားကြလို့ မှမဝသေး၊ သားနဲ့

သမီး ကိုမေမေ့ရင်ခွင်မှာထွေးပွေ့ထားပြီး နေ့စဉ်သား မိတစ်တွေ အတူတကွ အိပ်ကြလို့မှ မဝသေး၊သားလေးကြိုက်တတ်တဲ့ဟင်းတွေကို မမောတမ်း ချက်ပြုတ်ကျွေးမွေးလို့မှမဝသေး

နှစ်နှစ်ခွဲနေခဲ့ရတဲ့ သားလေးကို အရိပ်တစ်ကြည့်ကြည့် ကြည့်နေလို့မှမဝသေး

သားလေးကမေမေတို့ကိုထားခဲ့ပြီး သံယောဇဉ်ဖြတ်ပြီး မေမေ့မေတ္တာရိပ်

မေမေ့အိမ်ရိပ်ကနေ ထွက်ခွာပြီး မေမေတို့နဲ့အဝေးကိုသွားတော့ မယ်တဲ့လားသား ကမေမေတို့ကိုမချစ်

တော့၊မခင်တွယ်တော့ဘူ းတဲ့လား။မေမေ့အရိပ်မှာနေ ရတာမပျော်တော့ဘူး တဲ့လား။

ဆောက်တည်ရာမရ၊ပူလောင်မှုအတွေးတွေများစွ ာနဲ့ သားလေးမ သိအောင် မေမေငိုနေခဲ့ မိတယ်။

မေမေငိုနေ၊မျက်ရည် ကျနေမိပေမဲ့ ဟိုအရင်က တည်းက သားဆန္ဒကိုအမြဲဖြည့် ဆည်းပေးခဲ့တဲ့မေမေဟာ အခုလည်းသား ဆန္ဒကိုတားဖို့စိတ် မကူးမိပါဘူးကွယ်။

တားလည်းမတား စကောင်းတဲ့အရာပါ။

မေမေ့ရင်က ပေါက်ဖွားလာ တဲ့မေမေ့သားလေးကို ခုချိန်ထိကလေးလေး တစ်ယောက်လို ထင်မှတ်နေသေး တဲ့မေမေဟာ တဒင်္ဂခန တရားလက်လွတ်ပူဆွေးမိသွားတာပါ။

တစ်ကယ်တော့လေ သားလေးရဲ့မှန်ကန်မြင့်မြတ်တဲ့ဆုံးဖြတ်ချက်ကို မေမေတို့ ကဝမ်းသာစွာ သာဓုခေါ်ခွင့်ပြုပေးရမှ ာဆိုတာ မေမေသိပါတယ်သား။

သစ်ရိပ်၊ဝါးရိပ်ထက် ဆွေးမျိုးအရိပ်ကပိုအေးတယ်။ဆွေမျိုးရိပ်ထက် မိဘအရိပ်က ပိုအေးတယ်။

မိဘရိပ်ထက် ဆရာအရိပ်ကပိုအေးတယ်။

ဆရာရိပ်ထက် မင်းမြတ်အရိပ်ကပိုအေးတယ်။

မင်းမြတ်ရိပ်ထက် တရားအရိပ်က ပိုအေးတယ် မဟုတ်လားသား။

လောကကြီးမှာ တရားအရိပ်သာအကောင်းမွန်ဆုံး၊အအေးမြဆုံးဆို တာကို မေမေသိပါတယ်သား။

မမေတို့ရဲ့ကျေနပ်ဝမ်းသာစွာခွင့်ပြုပေးမှုကြောင့် သားလေးတစ်ယာက် ပရိယတ္တိ

ပဋိပတ္တိစာပေတို့ကို လေ့လာသင်ယူနေတာ ခုဆိုငါးလတောင်ကြာခဲ့ပြီနော်။

လောကုတ္တရာစာပေလေ့လာရာမှာလည်း သားလေးအမြဲထူး ချွန်အောင်မြင်တယ်ဆိုတာ

မေမေတို့ သိရကြားရလို့ အရမ်းဝမ်းသာကြည် နူးရပါတယ်။

ဆက်လက်ပြီးလည်း သာသနာ့အကျိုးကို ဆထက်တပိုး ထမ်းရွက်နိုင်တဲ့ သာသနာ့အာဇာ နည်တစ်ပါးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း သာသနာ့ဘောင် က

မေမေ့သာကိုရင်လေးရဲ့ပရိယတ္တိ၊ပဋိပတ္တိစာပေကြိုး စားလေ့လာသင်ယူနေမှုတို့ကို မေမေသာဓုအကြိမ်ကြိမ်ခေါ် ဆိုနေပါ့မယ်နော်။

ဒါပေမဲ့သားရေ မေမေကိုးလ လွယ်ဆယ်လမှာဖွားခဲ့တဲ့ သားလေးကို တစ်ခါတစ်ခါမှာ သတိရနေမိ၊ လွမ်းနေမိပါတယ်ကွယ်။

မေမေ့ရဲ့မသိစိတ်က တစ်ခါတစ်ခါမှာ သား၉၊

၁၀ကျောင်းတက်စဉ်ကနေခဲ့တဲ့မိသားစုကျောင်းရဲ့ page၊ မိသားကျောင်းသားသူဟောင်းများနဲ့

မိဘများရှိရာ page တွေမှာ သားလေးကိုအလွမ်းပြေ ကျောင် းသတင်းတွေကို ဝင်ဝင်ကြည့်မိ၊ဟိုးအရင်ကသားလေးကျောင်းသားဘဝက ။

သားရေမေမေ့သိစိတ်ကနေတော့ လူတစ်ရာမှ ာတစ်ယောက်တောင်မ လိုက်နိုင်တဲ့ လူ့လောကကြီးထဲကများပြားလှတဲ့ လောကီစည်းစိမ် ကာမဂုဏ်တွေကို မက်မောစွဲ လမ်းမှုမရှိ

ပယ်ဖြတ်နိုင်တဲ့သားလေးရဲ့မြင့်မြတ်တဲ့ လုပ်ရပ်ကို အမြဲကြည်ညို သာဓုခေါ်နေမှ ာပါနော်။

မိဘထက်ပိုတော်တဲ့ အတိဇာတ သားအဖြစ် မေမေတို့အမြဲ ဂုဏ်ယူ၊ပီတိဖြစ်နေမှာပါသား။

ဒါပေမဲ့ပေါ့တစ်ခါတစ်ခါမှာတော့
မေမေ့မသိစိတ်ကနေ လွမ်းနေမိပါ သေးတယ်သား။

တက္ကသိုလ်ကျောင်းတွေ ဖွင့်တော့မယ်သားရေ။

၂၀၁၉တက္ကသိုလ်ဝင်တန်းကို ၆ဘာသာဂုဏ်ထူးဖြင့်အောင်မြင်ပြီး သာသနာ့ဘောင်သို့အပြီးဝင်သွားသော

သားလေးအောင်ကောင်းဆက် ကိုရင်ရှင်ကိတ္တိဇဝအား ဤစာစုလေးဖြင့် ရှိခိုးဦးတင်ဂုဏ်ပြုလိုက်ပါသည်

credit