Local News

ညီမလေး လက်ကိုဆွဲပြီး တစ်လမ်းဝင် တစ်လမ်းထွက်ပြောင်းဖူး လိုက်ရောင်းနေတဲ့ ကလေးငယ်

ညီမလေး လက်ကို ဆွဲပြီး တစ်လမ်းဝင် တစ်လမ်းထွက် ပြောင်းဖူး လိုက်ရောင်းနေတဲ့ အကိုကြီး

အရွယ်ရောက်ပြီးကလေးငယ်တိုင်း ပညာသင်ကြားနိင်ရေးဟာ ကလေးသူငယ်အခွင့်အရေးအဖြစ်

နိုင်ငံတိုင်းမှာ သတ်မှတ်ထားခဲ့ကြပါတယ် ကလေးသူငယ်တွေအနေနဲ့

ဒီလိုသတ်မှတ်ထားသညိ့တိုင်အောင်ကျောင်းမနေရတာတွေ အများအပြားရှိနေဆဲပါ

ဒီတစ်ခေါက် ပရိသတ်ကြီးအတွက် တင်ပြပေးချင်တဲ့ သတင်းလေးကတော့ ဖိလစ်ပိုင်နိုင်ငံ လူဆင်းရဲ

မိသားစုလေးက လူမမယ်ကလေးငယ် ၂ ယောက် ပြောင်းဖူးပြုတ်လေးတွေ လိုက်ရောင်းနေရတဲ့

သတင်းလေးပဲဖြစ်ပါတယ် သူတို့ ၂ ဦးရဲ့ အဖြစ်ကို

လူမှုကွန်ယက်မှာ တွေ့မြင်ရသူတစ်ဦးက မျှဝေခဲ့တာ ဖြစ်ပြီး ချီးကျုးခံရမှုများစွာရရှိနေခဲ့တာပါ

မှတ်ချက်ရေးသူတွေက သူတို့ ၂ ဦးရဲ့ မိဘအပေါ် ကူညီမှုကို ချီးကျူးနေခဲ့ကြသလို

ကောင်းရောင်းကောင်းဝယ် လုပ်စားတာဟာ ဂုဏ်ယူရမှာပါ လို့ ပြောဆိုခဲ့ကြတာပါ

ကလေး ၂ ယောက်ရဲ့ ကြိုးစားစီးပွားရှာမှုဟာ ချီးကျူးအတုယုဖွယ်ရာဖြစ်လို့ သူတို့ ၂ ယောက်ရဲ့

ဖြစ်အင်နဲ့ ပုံရိပ်လေးတွေကိုပရိသတ်ကြီး အတွက်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Credit